Monday, July 8, 2013

အမ် ၀ိုင် အမ် အေ ကျောင်းသား၊သူများရဲ့ တစ်လတာ သင်တန်းအချိန်မှာ လှုပ်ရှားမှုများ မှတ်တမ်းတင်ခြင်း... မွန်လူငယ် သာသနာပြု အဖွဲ့အား ဂုဏ်ပြုပါသည်..

 အတန်းထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အင်္ဂလိပ်လို စကားပြော လေ့ကျင့်ကြမယ်..


 ကျောင်းသား အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ပျော်ရွင်စွာဖြင့် အပြိုင်အဆိုင် အင်္ဂလိပ်စကား ပြောနေကြသည်

 တစ်ခါတစ်လေ မှတ်သားစရာတွေ များများပေးတော့ မှတ်းသားရတာ ခက်သားပဲ...
 တနင်္ဂနွေနေ့ဆို ကျောင်းပိတ် အားလပ်ရက်မှာ ရာမညရဋ္ဌတက္ကသိုလ်ဝင်းထဲသို့ ဝေယျာဝစ္စကုသိုလ် လုပ်အားဒါန ပြုကြတာလဲ ပျော်စရာကောင်းတယ်..




 သင်းတန်းကာလမှာလဲ အပြင်က ဖိတ်ခေါ်လာတဲ့ သင်းတန်းပြ ဆရာတွေနဲ့ မိတ်ဆက်ပွဲတွေ လုပ်ပေးတော့ ပျော်စရာနဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်..
 ဘာသာေ၇းဘက်မှာလဲ ကိုင်းရှိုင်းတတ်အောင် သွန်သင်ပြပေးသည်.. ဥပုဒ်နေ့ အပတ်တိုင်း ညအချိန်ဆို ဘုရားသွား၊ ပူဇော်ကြသည်..




 သီလရှင် အဆောင်နဲ့ အမျိုးသမီးများ တည်းခိုဖို့ စာသင်ဆောင်တစ်ဆောင် မြေနေရာ အုတ်မြစ်ချပွဲမှာလည်း အခုလို ဝေယျာဝစ္စကုသိုလ် ပြုရတာ ပျော်စရာကောင်တဲ့ အခွင့်အရေးပေါ့...




 နွေရာသီ ကျောင်းပိတ်ရက် မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲတွေနဲ့ ကြုံရင်လည်း သွားရောက် အားပေးခဲ့ကြသေးသည်...


 စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်ဖို့အတွက်လည်း ဇင်းကျိုက်ရေတံခွန်သို့ ပို့ပေးတဲ့ ဆရာကိုလည်း အထူးပဲ ကျေးဇူးတင်မိနေတယ်..
 ကျောင်းက ဝေယျာဝစ္စမှန်သမျှ တတ်နိုင်တဲ့ဘက်က ကူညီဖို့ အသင့်ဖြစ်နေတဲ့ လူငယ်သာသာနာပြု အဖွဲ့ရဲ့ အခွင့်အရေးပဲလေ...

 ဖိုင်နယ်လ် စာမေးပွဲပြီးတဲ့နေ့က ဆရာနဲ့ နောက်ဆုံး တွေ့ဆုံတဲ့နေ့ပဲ.. ဆရာ ကန်တော့ပွဲမှာ ကံ (၃)ပါး အမှားများအတွက် တောင်းပန်ခဲ့ကြသည်...
 ကျောင်းဆင်းပြီဆိုရင် ကျောင်းထဲက အမှိုက်တွေ သစ်ရွက်တွေ လိုက်ကောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြ တဲ့ ထိုနေ့များကို သတိရလျက်ပေါ့..

 တနင်္လာအပတ်တိုင်း ယဉ်ကျေးမှု ၀တ်စုံကိုယ်စီ ၀တ်ဆင်ပြီး သင်တန်းတက်ရပါတယ်...

နောက်ဆုံးတော့ ဆရာရဲ့ စေတနာကောင်းမှုနဲ့ ကျောင်းသားတွေရဲ့ လေ့လာမှု ၊ အားထုတ်မှု ကောင်းမှုကြောင့် သင်တန်းကာလ တစ်လ အတွင်းမှာ အောင်မြင်မှု အလီလီ ဆွတ်ခူးခဲ့ကြပြီ... ဆရာကျေးဇူးကို နေ့စဉ်နေ့တိုင်း သတိရလျက် ရာမညရဋ္ဌနယ်မြေမှ မွန်လူငယ်သာသနာပြု အဖွဲ့ကြီးအား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်... မှတ်တမ်းတင်ဆက်သူ... အမ် ၀ိုင် အမ် အေ ကျောင်းသား၊သူများ...