Wednesday, November 20, 2013

လက်ရှိ တည်ဆောက်နေသော သီလရှင် ကျောင်းဆောင်နှင့် ကျောင်းသူများ နေထိုင်ရန် အဆောင်ဖြစ်ပါတယ်။









သီလရှင်ကျောင်းဆောင်နှင့် အမျိုးသမီးများ အဆောင်ကို ၁၂ ရက် ၅ လပိုင်း ၂၀၁၃ ခုနှစ်မှာ စတင်ပြီး မြေသန့် ပန္နက်ရိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ သီလရှင် ကျောင်းဆောင်နှင့် အမျိုးသမီးများ နားနေဆောင်ကို ၂၀၁၃ ခုနှစ် သင်္ကြာန်တောအတွင်းမှာ ထိုင်းနိုင်ငံ မဟာချိုင်းဒေသသို့ ဆရာတော်နှစ်ပါး ကြွရောက်ခဲ့ပြီး တရားဓမ္မများ ဟောကြားကာ ရရှိလာခဲ့သော ၀တ္ထုငွေ၊ လှူဒါန်းမှုအားလုံးကို စုပေါင်းကာ သီလရှင်ကျောင်းဆောင်ကို စတင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယခုဆိုရင် ကုန်ကျငွေ စုစုပေါင်း သိန်းပေါင်း ကျပ်ငွေ ၁၀၀၀ ကျော် ကုန်ကျပြီ ဖြစ်သည်။ သီလရှင်ကျောင်းဆောင်ကို အထပ်အားဖြင့် ၅ ထပ်၊ အရှည်ပေ ၂၀၀၊ အနံပေ ၄၅၊ တစ်ခန်းကို ၃ ပါးနေထိုင်သီတင်းသုံးနိုင်အောင် ပုံဖော် တည်ဆောက် လျက်ရှိပါသည်။ သီလရှင်ကျောင်းဆောင် တည်ဆောက်ရာနေရာနှင့် မြေနေရာကို သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာဇာတိ၊ သံဖြူဇရပ်မြို့လယ်ရပ်ကွက်နေ နိုင်ပေါတ်+မိလှကျင်နှင့် သားသမီးများ ကောင်းမှုဖြင့် လှူဒါန်းခဲ့ပါသည်။

No comments:

Post a Comment